စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၇၁ ဦး ထပ်မံတွေ့ရှိ

မေ ၁၀

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၇၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၂၂၀၁၉၃ ဦး အထိ ရှိလာသည်ဟု သိရသည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၃၄ ဦးကိုပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့်လည်းကောင်း၊ ၂၀၃၇ ဦးကို အေအာတီစမ်းသပ်စစ်ဆေးမှုဖြင့်လည်းကောင်း အသီးသီးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

 

ပီစီအာစမ်းသပ်စစ်ဆေးမှုတွင် ၂၂၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ အေအာတီစမ်းသပ်စစ်ဆေးမှုတွင်  ၁၉၅၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၈၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲလူနာ ၂၄၁ ဦးရှိိပြီး ခြောက်ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ယမန်နေ့က ထပ်မံသေဆုံးသူမရှိဟုသိရပြီး သေဆုံးသူပေါင်း ၁၃၅၂ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို