စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၇၉ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၁၃

 

စင်ကာပူနိုင်ငံတွင်  ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၇၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၄၀၇၈၈ ဦး အထိ ရှိလာသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၇၄၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၃၆ ဦးသည် ပြည်ပကူးစက်မှုတို့ ဖြစ်သည်။

 

ပြည်တွင်းကူးစက်မှုများအနက် ၅၀၈ ဦးသည် ပီစီအာ စမ်းသပ်စစ်ဆေးချက်ဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၅၂၃၅ ဦးသည် အေအာတီ စမ်းသပ်စစ်ဆေးချက်ဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူနေဆဲလူနာပေါင်း ၆၇၉ ဦးရှိပြီး ၁၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ငါးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၄၃၇ ဦးအထိ ရှိလာသည်ဟုသိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို