စင်ကာပူနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၅၄၄ ဦးထပ်မံတွေ့ရှိ

မတ် ၁

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၅၄၄ ဦးထပ်မံတွေ့ရှိပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၇၂၄၄၂၄ ဦးအထိရှိလာသည်ဟု အတည်ပြုထုတ်ပြန်ထားသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၁၉၇၃ ဦးသည် ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၁၅၇၁ ဦးကို အေအာတီစစ်ဆေးမှုဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ပီစီအာစမ်းသပ်စစ်ဆေးမှုတွင်တွေ့ရှိသူများအနက် ၁၉၀၇ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၆၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။

 

နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် တက်ရောက်ကုသနေသူ ၁၆၄၉ ဦးရှိပြီး ၄၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၂ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၀၁၉ ဦးရှိလာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို