စင်ကာပူနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၁၅၈ ဦး ထပ်မံတွေ့ရှိ

မတ် ၇

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၁၅၈ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၈၃၂၈၂၁ ဦးအထိရှိလာသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၁၆၆၅ ဦးသည် ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၁၄၉၃ ဦးသည် အေအာတီစမ်းသပ်စစ်ဆေးမှုဖြင့်တွေ့ရှိခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် လက်ရှိဆေးရုံတက်ကုသမှုခံယူနေသူ ၁၄၃၇ ဦးရှိပြီး ၄၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ငါးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၀၇၈ ဦးအထိရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို