စင်ကာပူနိုင်ငံတွင် အာဆီယံ ကင်းထောက်လူငယ်များ ဖိုရမ် တက်ရောက်ရန် မြန်မာကင်းထောက် လူငယ်များ ထွက်ခွာ

ရန်ကုန်  ၁၂   စက်တင်ဘာ  

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ပထမအကြိမ် အာဆီယံကင်းထောက်လူငယ်များ ဖိုရမ် (ASEAN Scout Youth Forum 2019) တက်ရောက်ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ ကင်းထောက်လူငယ် မထက်ထက်လင်းစံ၊ မမေသူထက်၊ မနန်းဖူးမြတ်သီရိလှိုင်နှင့် မောင်ဇွဲခေါင်တေဇာတို့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ နိုင်ငံတကာရေးရာ ညှိနှိုင်းရေးမှူး ဦးကောင်းမြတ်ထူး၊ လူငယ်ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်းနှင့် ကင်းထောက်လူငယ် ကိုယ်စားလှယ်များ၏ ကျောင်းများမှ ဆရာ ဆရာမများ မိသားစုများက မင်္ဂလာဒုံလေဆိပ်၌  ပို့ဆောင်နှုတ်ဆက်ကြသည်။ 

ပထမအကြိမ် အာဆီယံ ကင်းထောက်လူငယ်များဖိုရမ်ကို စင်ကာပူနိုင်ငံ The Raffles Institution တွင် စက်တင်ဘာ (၁၃)ရက်မှ (၁၆)ရက်အထိ ကျင်းပမည်ဖြစ်ရာ အာဆီယံဒေသတွင်း ကင်းထောက်လူငယ်များအကြား လူမှုအကျိုးပြု လုပ်ငန်းများတွင် ပိုမိုပါဝင်လာနိုင်စေရေးကို ရှေးရှု၍ Young People & Community Involvement ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်