စင်ကာပူတွင် မောင်းသူမဲ့ လျှပ်စစ် ဘတ်စ်ကားများ မောင်းနှင်းနိုင်ရန် စမ်းသပ်

၁၂ ဇန်နဝါရီ

 

ဇိမ်ခံကားများနဲ့ အော်တိုဂီယာကားများ ထုတ်လုပ်တဲ့ ဆွီဒင်ကားကုမ္ပဏီ Volvo ဟာ စင်ကာပူနိုင်ငံတွင် အမျိုးသားရေး တက္ကသိုလ်နှင့် ဒေသခံအဖွဲ့အစည်းများနှင့် အကျိုးတူ ပူးပေါင်းပြီး လျှစ်စစ် ဘတ်စ်ကား မောင်းနှင်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး ကုမ္ပဏီအနေနဲ့ အရှည် ၁၂ မီတာနဲ့ ထိုင်ခုံ ၄၀ ပါဝင်တဲ့ လျှပ်စစ်ဘတ်စ်ကားတွေကို ဆွီဒင်နဲ့ အခြားနိုင်ငံတွေမှာ မောင်းနှင်နိုင်ဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

 

ယခု တက္ကသိုလ်ပတ်လမ်းများကဲ့သို့ စင်ကာပူ နိုင်ငံ၏ အထင်ကရ နေရာများတွင် စမ်းသပ်မှုများ ဆောင်ရွက်နေပြီး နောက်နှစ်အတွင်း စတင်မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။  စင်ကာပူ အစိုးရကတော့ ၂၀၂၂ ခုနှစ်မှာ အများပြည်သူ ပို့ဆောင်ရေးအတွက် မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကားများကို ထုတ်လုပ်နိုင်ဖို့ နည်းလမ်း ရှာဖွေနေပြီး Volvo ကုမ္ပဏီအနေနဲ့ အစိုးရဘက်က ကျင်းပတဲ့ လေလံပွဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

 

အခြား အော်တိုကား ကုမ္ပဏီများနဲ့ နည်းပညာ ကုမ္ပဏီများဟာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြပြီး Volvo ကုမ္ပဏီ အကြီးအကဲဖြစ်သူ Hakan Agnevall ရဲ့ ပြောကြားချက်အရ ကုမ္ပဏီဟာ အဓိကအချက်ဖြစ်တဲ့ လက်တွေ့ အခြေအနေတွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို စမ်းသပ်ဖြေရှင်းနိုင်ဖို့ အလားအလာ ရှိကြောင်းသိရပါတယ်။ စင်ကာပူမှာ နည်းပညာဆိုင်ရာ အထောက်အပံ့နဲ့ အနာဂတ်မှာ ဘတ်စ်ကားအတွက် ဆက်စပ်ပစ္စည်းမျာကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ကြောင်း   NHK သတင်းတစ်ရပ်အရ သိရပါတယ်။ 
 

MDN

ကိုးကား ( NHK)