စွန့်ပစ်ပလတ်စတစ်အိတ်များကို အမေရိကန် နှင့် ကနေဒါသို့ ပြန်တင်ပို့ရန် ကမ္ဘောဒီယား အမိန့်ထုတ်ပြန်

၃၁ ဇူလိုင်

တရားမဝင်တင်သွင်းခဲ့သည့် စွန့်ပစ်ပလတ်စတစ် တန်ချိန် ၁၅၉၂ တန်ကို ယခုလ အစောပိုင်းက တွေ့ရှိခဲ့ကာသြဂုတ်လ ၂၄ ရက်နေ့တွင် အမေရိကန် နှင့် ကနေဒါ နိုင်ငံများသို့ ပြန်တင်ပိုသွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ယနေ့ ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း စွန့်ပစ်ပစ္စည်းများပါသော ကွန်တိန်နာ ၈၃ ကို တင်သွင်းခဲ့သဖြင့် ဒေသပိုင် ချောင်ယန် ပလတ်စတစ်ထုတ်လုပ်ရေး ကုမ္ပဏီကို ဒေါ်လာ ၂၅၀ဝ၀ဝ ဒဏ်ရိုက်ခဲ့ကြောင်း ပူးတွဲကြေညာချက်တစ်ခုတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် အကောက်ခွန်ဌာနကလည်း ပြောကြားခဲ့သည်။

စွန့်ပစ်ပစ္စည်းအများစုပါသော ၁၃၂၂ တန်ရှိ ကွန်တိန်နာ ၇၀ ခု သည် အမေရိကန်နိုင်ငံမှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံခြားတိုင်းပြည်များမှ တင်သွင်းခဲ့သည့် စွန့်ပစ်အမှိုက်ပစ်သည့်နေရာ ဖြစ်လာမည် မဟုတ်ဟု ဝန်ကြီးချုပ် ဟွန်ဆန် က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် ယမန်နှစ် အစောပိုင်းက စွန့်ပစ်ပလတ်စတစ် သွင်းကုန်ကို တားမြစ်ပိတ်ပစ်ခဲ့ပြီးနောက်ပိုင်း အရှေ့တောင်အာရှတွင် ယင်းကဲ့သို့ဖြစ်ရပ်များ များပြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား - ကျိုဒိုနယူး
ဘာသာပြန်- မြင့်မြင့်ချို