စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

စဉ့်ကိုင်  ဒီဇင်ဘာ  ၃၀

 

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  Woman Club အသင်းတို့ပူးပေါင်း၍ ပန်းအလှထိုးနည်း သင်တန်းကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ဖွင့်လှစ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ  ဒေါ်၀င်း၀င်းသန်း က ပန်းအလှထိုးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်အေးသီတာ(သင်တန်းနည်းပြ) မှအလှပန်းထိုးနည်း၊ စားပွဲတင်ပန်းအလှထိုးနည်း၊ လက်ကိုင်ပန်းထိုးနည်း၊ အလှူမင်္ဂလာဆောင်များတွင် ပန်းအလှဆင်ထိုးနည်းများကို လက်တွေ့သင်ကြားပေးခဲ့သည်။

 

အဆိုပါသင်တန်းတွင် Woman Club ဥက္ကဋ္ဌ ဒေါ်ခင်ဆန်းနှင့်အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ တက်ရောက်ခဲ့ကြပြီး အုပ်စုအလိုက်အဖွဲ့ခွဲ၍ လက်တွေ့ပန်းအလှထိုးခြင်း ဆောင်ရွက်ခဲကြရာ ပန်းအလှထိုးနည်းသင်တန်းတွင် သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

စဉ့်ကိုင်မြို့နယ် (ပြန်/ဆက်)