Covid-19 ကပ်ရောဂါပိုး တိုက်ဖျက်ရန် ဂိတ်စ်ဖောင်ဒေးရှင်းမှ သန်း ၂၅၀ ထပ်မံလှူဒါန်း

၁၀ ဒီဇင်ဘာ

 

ဘီ နဲ့ မလင်ဒန်ဂိတ်စ်ဖောင်ဒေးရှင်းမှ Covid-19ကပ်ရောဂါပိုး တိုက်ဖျက်ရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ထပ်မံလှူဒါန်းကြောင်း ဒီနေ့(ကြာသပတေးနေ့)မှာ ကြေညာလိုက်ပါတယ်။

 

လှူဒါန်းငွေတွေထဲကနေ တချို့ဟာ အာဖရိက နဲ့ တောင်အာရှ အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးဖြန့်ဖြူးရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

 

ဂိတ်စ်ဖောင်ဒေးရှင်းကနေ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လှူဒါန်းငွေဟာ စုစုပေါင်း ၁.၇၅ ဘီလီယံဖြစ်သွားပြီလို့ ဆိုပါတယ်။ 

 

ကမ္ဘာ့ကျန်းမာရေး(WHO)အဖွဲ့က အာဖရိကလူဦးရေ ၃ ရာခိုင်နှုန်းအတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ကို ၂၀၂၁ ခုနှစ် မတ်လမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ၂၀ ရာခိုင်နှုန်း ပေးနိုင်အောင် လုပ်ဆောင်သွား မှာဖြစ်ပါတယ်။ WHO က သူတို့မှာ အာဖရိကတိုက်ရှိ နိုင်ငံပေါင်း ၄၇ နိုင်ငံရဲ့ လေးပုံတစ်ပုံ နီးပါးကိုသာ ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေသာ ရှိနေကြောင်း ဆက်ပြောပါတယ်။

 

အာဖရိကတိုက်မှာ  နိုင်ငံပေါင်း ၄၇ နိုင်ငံတွင် လူဦးရေ သန်း ၇၈၀ နေထိုင်နေကြောင်း သိရပါတယ်။

 

ကာကွယ်ဆေးအား ဦးစားပေးထိုးပေးမယ့် အာဖရိက လူဦးရေအတွက် ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံ ကုန်ကျနိုင်ကြောင်း၊ ဆေးသယ်ယူစရိတ်၊ ဆေးထိုးအပ် စတဲ့ တခြားသော အထာက်အပံ့အတွက် ၁၅ -၂၀ ရာခိုင်နှုန်း ထပ်မံ ကုန်ကျနိုင်ကြောင်း WHO ခန့်မှန်းထားပါတယ်။

 

အာဖရိက အတွင်းမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၂.၃ သန်းကျော်ရှိပြီး သေဆုံးသူ ၅၄,၈၀၀   ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP