COVID-19 ပိုးတွေ့သူများနှင့် ဆက်စပ်သူများကို စတင်ထားရှိသည့် မန္တလေး ဘောလုံးအကယ်ဒမီကျောင်း တစ်ရက်အတွင်း လူပြည့်သွား

မန္တလေး ၁၄ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ (၁၂)ရက်နေ့က COVID-19 ပိုးတွေ့လူနာ (၅၀) ခန့်တွေ့ရှိသည့်အတွက် ၎င်းတို့နှင့် ဆက်စပ်ထိတွေ့သည့် Contact Person များအား မန္တလေးဘောလုံးအကယ်ဒမီကျောင်း Quarantine Centre ၌ ထားရှိရာ စတင်ထားရှိသည့် တစ်ရက်အတွင်း လူပြည့်သွားကြောင်း သိရသည်။

လက်ရှိ လူဦးရေ (၁၀၀)ဆံ့ ဘောလုံးအကယ်ဒမီ Quarantine Centre သို့ ရောက်ရှိသူများအား Swb ယူပြီး Positive တွေ့ပါက ကုတင်(၃၀၀) သင်ကြားရေးဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး၊  Negative သမားတွေကို ဇီးပင်ကြီး Quarantine Centre သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ချက်ချင်း Positive လူနာများကို ခွဲထုတ်နိုင်ခြင်းကြောင့် စီမံခန့်ခွဲမှုအပိုင်းတွင် အားသာချက်ဖြစ်လာကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးထံမှ သိရသည်။

#MRTV