Covid-19 ရောဂါပိုးပျံ့နှံ့မှုကို ကပ်ရောဂါလို့ သတ်မှတ်ခဲ့တာ ၆ လပြည့်ခဲ့ပြီ

၁၁ စက်တင်ဘာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး Covid-19 ရောဂါပိုးကို ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တာ ၆ လ ပြည့်ပြီဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်ရန် စည်းလုံးမှုမရှိတာက သူ့အတွက် စိုးရိမ်စရာဖြစ်နေကြောင်း WHO ရဲ့ အကြီးအကဲ ဒေါက်တာ တက်ထရို့စ် က ကြာသပတေးနေ့က ပြောပါတယ်။

ကပ်ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းမှာ ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်ပေမယ့် ရောဂါပိုးကိုတိုက်ဖျက်ရေးအတွက် အဓိကခေါင်းဆောင်တွေကြားမှာ အဆက်ပြတ်နေကြောင်း ဒေါက်တာ တက်ထရို့စ် က သတိပေးပြောကြားပါတယ်။

ကုလသမဂ္ဂရဲ့ ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၃၀ ရက်နေ့က လူထုကျန်းမာရေးအတွက် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မတ် ၁၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှုကို ကပ်ရောဂါလို့ သတ်မှတ်လိုက်ပါတယ်။

ကပ်ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းက လူပေါင်း ၂၈,၃၉၁,၄၉၆ ဦးကို ကူးစက်ပြီး လူပေါင်း ၉၁၄,၈၁၂ ကျော်ကို သေဆုံးစေခဲ့ပေမယ့် ၂၀,၃၉၈,၇၈၃ ဦးကတော့ ပြန်လည်ကျန်းမာလာကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP