စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေတဲ့အတွက် ကျောင်းသားတချို့ရဲ့ မိဘတွေက ကလေးငယ်တွေကို ကျောင်းပြန်ပို့ရန် ငြင်းဆို

၇ စက်တင်ဘာ

 

 

ပညာသင်နှစ် စတင်ချိန်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားနေတဲ့အတွက် စပိန်နိုင်ငံက မိဘတချို့က သားသမီးငယ်တွေကို ကျောင်းပြန်ပို့ရန် ငြင်းဆိုနေတာကို တွေ့ရပါတယ်။

 

a1

 

 

 

စပိန်နိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Castellon de la Plana မှာနေတဲ့ အသက် ၃၇ နှစ်အရွယ် ကလေးနှစ်ယောက် မိခင်က ဘဝတစ်လျှောက်လုံး ပညာသင်ကြားချိန် ရှိတယ်။ ကျန်းမာရေးသာ ဆုံးရှုံးခဲ့ရင် သွားပြီလို့ ပြောပြီး သားနှစ်ဦးကို ကျောင်းပို့ရန် ငြင်းဆိုသွားပါတယ်။

 

 

ကျန်တဲ့ ဉရောပနိုင်ငံတွေကလည်း စပိန်နိုင်ငံလို ပညာသစ်စတင်ချိန် ဖြစ်တဲ့အတွက် ဒီလအတွင်းမှာ ကျောင်းတွေ ပြန်ဖွင့်နေတာကို တွေ့ရပါတယ်။ စပိန်နိုင်ငံဟာ ဉရောပတိုက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လက်ရှိ အချိန်မှာ အများဆုံး ဖြစ်နေပါတယ်။

 

 

အသက်ခြောက်နှစ်ကစပြီး ကလေးငယ်တိုင်း မျက်နှာဖုံး ဝတ်ဆင်ရမှာ ဖြစ်သလို တစ်ဦးနဲ့တစ်ဦးနဲ့ ခပ်ခွာခွာ နေရမယ့် စဉ်းမျဉ်းတွေ ရှိနေပေမယ့် မိဘတွေက စိုးရိမ်နေပါတယ်။ ကိုယ့်အိမ်မှာတောင် လူ ၁၀ ဦးထက်ပိုပြီး လာရောက်ခွင့် မရှိဘဲ ကျောင်းမှာ အခန်းတစ်ခန်းမှာ ကလေးငယ် ၂၅ ဦးရှိတဲ့ဟာကို လက်မခံနိုင်ကြောင်း မိဘတွေက ပြောပါတယ်။

 

 

စပိန်ဝန်ကြီးချုပ်က ကျောင်းဟာ လုံခြုံတဲ့နေရာ ဖြစ်တယ်။ ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ဘယ်နေရာမှ အန္တရာယ်ကင်းတယ် ဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် ကပ်ရောဂါ မကူးစက်နိုင်အောင် ရှောင်နိုင်ပါတယ်လို့ ပြောပါတယ်။

 

 

အလားတူ ကျန်းမာရေးဝန်ကြီးကလည်း ကလေးတွေအတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဆိုတာဟာ ပန်းခြံတွေကလည်း ရနိုင်သလို လူကြီးတွေဆီကလည်း ကူးစက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို အုပ်မိုးထားလို့ မရနိုင်ဘူးလို့ ပြောပါတယ်။

 

 

MDN

ကိုးကား - AFP