စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှု သိသိသာသာမြှင့်တက်လာ

၁၂ စက်တင်ဘာ

 

စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်မှာ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။ သောကြာနေ့က ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူပေါင်း ၁၂,၀၀၀ ကျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၂,၁၈၃ ဦးတွေ့ရှိပြီးနောက် ပိုးတွေ့ရှိသူစုစုပေါင်း ၅၆၆,၃၂၆ ဦးရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅ သိန်းကျော်တဲ့ ပထမဦးဆုံး ဉရောပနိုင်ငံဖြစ်လာပါတယ်။ 

 

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က နေ့စဉ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၇,၀၀၀ နဲ့ ၈,၀၀၀ ကြားသာ ရှိခဲ့ပြီး ကြာသပတေးနေ့ကတော့  ပိုးတွေ့ရှိသူ ၁၀,၀၀၀ ရှိခဲ့ပါတယ်။ 

 

ပိုးတွေ့ရှိသူ များနေပေမယ့် သေဆုံးသူအရေအတွက်ဟာ မတ်လကုန်ပိုင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန် နည်းနေကြောင်း သိရပါတယ်။ မတ်လကုန်ပိုင်းက တစ်နေ့လျှင် လူ ၉၀၀ နီးပါး သေဆုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၇ ရက်အတွင်း သေဆုံးသူဟာ ၂၄၁ ဦးသာ ရှိခဲ့ပါတယ်။ 

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၀,၀၀၀ နီးပါးရှိသွားကြောင်း သိရပါတယ်။ သုံးလတိတိ တစ်နိုင်ငံလုံးကို အသွားအလာ ကန့်သတ်ခဲ့ပေမယ့် ဇွန်လကုန်ပိုင်းမှာ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် စပိန်နိုင်ငံက တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ လကစပြီး နိုက်ကလပ်တွေနဲ့ ဘားတွေကို ပိတ်လိုက်ပြီး လူမြင်ကွင်းမှာ လူတိုင်းမျက်နှာဖုံး နှာခေါင်းစည်း တပ်ဆင်ရေးကို မဝတ်မဖြစ် ဉပဒေထုတ်ထားကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား-AFP