စပိန်နိုင်ငံ၌ တောမီးလောင်ကျွမ်းမှုကြောင့် မြေဟက်တာ ၄၀၀၀ ကျော် ပျက်စီးခဲ့ရ

 

မက်ဒရစ် ဩဂုတ် ၉

 

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် မြေဟက်တာ ၄၀၀၀ ကျော်  ပျက်စီးခဲ့ကြောင်းနှင့် ဂါလီစီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လက်ရှိအချိန်အထိ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာမီးသတ်အဖွဲ့ အစည်းများက ပြောသည်။

 

လက်ရှိတွင် အေကိုရူနာမြို့အနီးတွင် ဖြစ်ပွားခဲ့သည့် အကြီးမားဆုံးသော
တောမီးလောင်ကျွမ်းမှုကြောင့် မြေဟက်တာ အနည်းဆုံး ၂၀၀၀ ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ  တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးဒဏ်ရာ ရရှိသူမရှိသော်လည်း လူပေါင်း ၇၀၀ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ ကြောင်းသိရသည်။

 

ဩဂုတ် ၆ ရက်တွင်  Copernicus အမည်ရှိ  ဂြိုဟ်တုက ဖမ်းယူရရှိသော အချက်အလက်များအရ ယခုနှစ်အတွင်း စပိန်နိုင်ငံ၌  အပူချိန်စံချိန်တင် အမြင့်တက်ဆုံးအချိန်ဖြစ်သည့် နွေရာသီကာလအတွင်း မြေဟက်တာ ၂၃၀၀၀၀ ခန့် တောမီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် စပိန်နိုင်ငံ ဗဟိုအစိုးရသည် အနာဂတ်ကာလတွင်  တောမီးလောင်ကျွမ်းမှုများကို ကြိုတင်ကာကွယ်နိုင်ရေး အကူအညီပေးနိုင်ရန် ဥပဒေသစ်တစ်ရပ် ကို ဩဂုတ် ၈ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်