စတိုးဆိုင်အတွင်း ငွေ နှင့် ပစ္စည်းများ ဝင်ရောက်ခိုးယူသူအား ဖမ်းဆီးရမိ

သာစည် ၁၅ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စတိုးဆိုင်အတွင်း ငွေနှင့်ပစ္စည်းများ ဝင်ရောက်ခိုးယူသူအား ဇူလိုင် ၁၂ ရက် နေ့လယ် ၁နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သာစည်မြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ သာစည်မြို့ အမှတ်(၁)ရပ်ကွက်နေ ဦးတင်မောင်ထွေးသည် နေအိမ်၌ရှိနေစဉ် သာစည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ "အာရောဂျံ"စတိုးဆိုင်အတွင်း မီးရောင်မြင်ကြောင်း မီးသတ်စခန်းမှူး ဦးဝင်းကျော်မှ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ ဦးတင်မောင်ထွေးမှ လှည့်ကင်းရဲအဖွဲ့ထံ ဖုန်းဖြင့်အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ ဆိုင်အတွင်းဝင်ရောက်စစ်ဆေးရာ မခိုင်ခိုင် ဆိုသူအား ငွေသားအပါအဝင် ကာလတန်ဖိုး(၂၁၇၈၀ဝ)ကျပ်ခန့်ရှိ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သာစည်မြို့မရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)