စတုံကြိုးဝိုင်းနှင့် ပြင်တဲကြိုးဝိုင်းတို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁ ဖေဖော်ဝါရီ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်အရ ဇန်နဝါရီ ၃၁ ရက်က စတုံကြိုးဝိုင်းနှင့် ပြင်တဲကြိုးဝိုင်းများတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိသည်။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ စတုံကြိုးဝိုင်း၌ တရားမဝင် ၃ ပေအောက်ကျွန်းသစ် ၁ ဒသမ ဝ၇၆ တန်နှင့် သစ်စက်တစ်လုံးတို့ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိပြီး ဝန်းသိုမြို့နယ်ရှိ ပြင်တဲကြိုးဝိုင်း၌ ကျွန်းသစ်လုံး/ခွဲသား တန် ၂၀ ခန့်နှင့် သစ်စက်တစ်လုံးတို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။

မျိုးသူဟိန်း