စတုတ္ထအကြိမ်မြောက် မြန်မာ-လာအို ဗဟိုဘဏ်တို့အကြား ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပ

နေပြည်တော် ၂၈ မေ 

 


မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် လာအိုဗဟိုဘဏ်တို့အကြား ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပိတောက်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် လာအိုနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ H.E. Mr. Sonexay SITPHAXAY တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။
    

 

ဆက်လက်၍ အစည်းအဝေးတွင် ငွေကြေးမူဝါဒဆိုင်ရာ အကောင်အထည်ဖော်မှုနှင့် နိုင်ငံခြားသုံးငွေဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမားများ၏ နယ်စပ်ဖြတ်ကျော် ငွေကြေးလွှဲပြောင်းပေးပို့မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ငွေကြေးဖလှယ်မှု အစီအစဉ်တို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအပေါ် လာအိုဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 


သတင်းစဉ်