စတုတ္ထမျိုးဆက်ထက် အဆင့်မြင့်သည့် 4 ++ Generation Mig -35 တိုက်ခိုက်ရေး လေယာဉ်များ မကြာမီ ထုတ်လုပ်နိုင်တော့မည်

အဘူဒါဘီ ၁၆ နိုဝင်ဘာ


 “ လေယာဉ်ရဲ့ စက်ရုံစမ်းသပ်မှုတွေက ဒီနှစ်အတွင်းမှာ အပြီးသတ်တော့မှာပါ ဆက်စပ် သဘောတူ စာချုပ်တွေလည်း လက်မှတ်ရေးထိုးပြီးပါပြီ။ အသုတ်လိုက် ထုတ်လုပ်ဖို့ကတော့ ရုရှားနိုင်ငံ Lukhovitsy စက်ရုံမှာ ထုတ်လုပ်သွားမှာပါ။ အခု ကာကွယ်ရေး ဝန်ကြီးဌာနက အဆုံးသတ် သဘောတူညီမှု လက်မှတ်ထိုးနိုင်ဖို့ စောင့်ဆိုင်းနေတာပါ ” လို့ ၎င်းက ပြောကြားခဲ့သည်။


အဆိုပါ တိုက်လေယာဉ်သည် လက်နက်တပ်ဆင်မှု အစီအစဉ်သစ်များ ပါဝင်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အစီးရေ ၂၄ စီးထိ အမှာလက်ခံထားကြောင်း ရုရှားနိုင်ငံ အာကာသသိပ္ပံမှ ကာကွယ်ရေးကောင်စီနှင့် လုံခြုံရေးကော်မတီဥက္ကဋ္ဌ  Viktor Bondarev ကပြောကြားခဲ့သည်။ Mig – 35 သည် ယခင် စတုတ္ထမျိုးဆက် Mig-29 အမျိုးအစား တိုက်လေယာဉ်များကို အဆင့်မြှင့်တင် ထုတ်လုပ်ထားခြင်းဖြစ်သည်။ လေယာဉ် စမ်းသပ်ပျံသန်းမှုများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ပီရူးနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများက စိတ်ဝင်စားမှုရှိနေကြောင်း MIG CEO Ilya Tarasenkoကပြောကြားခဲ့သည်။


ဘာသာပြန်-စိုးမိုးဇော်
Source>The Global New Light of Myanmar