စုကလိမြို့တွင် ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး 

စုကလိ ၂၅ ဇူလိုင်       

 
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် မွေးကင်းစကလေးမှ အသက်(၁၅)နှစ်အထိ အရွယ်ကလေးငယ်များအား အသွင်ကူးပြောင်းလာသော ပိုလီယိုပိုးကူးစက်မှုနှင့် ကလေးငယ်များအား အကြောသေရောနှင့် ရာသက်ပန် မသန်မစွမ်းဖြစ်ခြင်းတို့မှ ထိရောက်သော ကာကွယ်မှုရရှိစေရန်ရည်ရွယ်၍ ဆုံဆည်းမြိုင်၊ ပလယ်ဒို၊ သေ့ဘောဘိုး၊ တောင်နီ၊ ဝါးမီးထ၊ ဥက္ကရစ်ထ၊ တာနောထ၊ ကွေတာဥ ကျေးရွာများတွင် ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက စတင်ဆောင်ရွက်ခဲ့သည်။


အဆိုပါလုပ်ငန်းတွင် မင်းလက်ပံကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမင်းတင်ထွန်းခေါင်းဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုကလိမြို့နေ အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကလေးငယ်စုစုပေါင်း(၆၆၄)ဦးတို့အား တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ငှက်ဖျားရောဂါ ကာကွယ်ရေးစီမံချက်အဖြစ် ဆေးစိမ်ခြင်ထောင်များအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။


ပိုပိုအောင်

 

4