စဥ့်ကူးမြို့နယ်တွင် မော်တော်ယာဉ်မျိုးစုံ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းနှင့် နှစ်လဲမှတ်ပုံတင်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စဉ့်ကူး ၁၆ ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မော်တော်ယာဉ်မျိုးစုံ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းနှင့် နှစ်လဲမှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာ၊ မန္တလေးမြို့မှ တစ်နေ့တာလာရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

 

11

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတောင်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေး မြင့်ရွှေ ဦးဆောင်သည့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီက စဉ့်ကူးးမြို့နယ်အတွင်းရှိ မော်တော်ယာဉ်မျိုးစုံ ယာဉ်မောင်းလုင်စင်များ သက်တမ်းတိုးခြင်းနှင့် နှစ်လဲမှတ်ပုံတင်လုပ်ငန်းများကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်းတွင် တစ်နေ့တာ ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယာဉ်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ထားသည့် လိုအပ်ချက်ပုံစံများတွင် ပြည်စုံစွာဖြည့်စွက်ကာ သက်တမ်းတိုးလျှေက်လွှာများနှင့်အတူ တင်ပြလျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။

 

44444

 

အဆိုပါ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးနိုင်၊ မြို့နယ်ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးစိုးလွင်နှင့် အမှုးဆောင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)