ဒေးဒရဲ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတ များ ပိုမိုတိုးပွားစေရန်ရည်ရွယ်၍ ဖျာပုံခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို ဇွန် ၂၀ ရက်က အမှတ် (၂) ရပ်ကွက် မင်္ဂလာကံ ကျောင်းတိုက် သာဓုနယ တန်ဆောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ဆိုးကျိုးများ၊ တရားမဝင် လူကုန်ကူးမှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြစ်မှုကျူးလွန်ပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များ၊ အိမ်တွင်း အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုနှင့် ကျားမတန်းတူညီမျှမှု မရှိခြင်းကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှု အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အေဇာလင်း


