ဒေးဒရဲမြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ဒေးဒရဲ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုး ရေး တောင်သူများအား ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာ(၂၂)ရက်ကစတင်ပြီး တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့အထိ ကျေးရွာအုပ်စု (၉)စုမှ တောင်သူ (၁၆၆) ဦး၏ လယ်မြေဧက (၁၃၃၀) အတွက် ငွေကျပ် (၁၉၉၅)သိန်းအား ထုတ်ချေးပေးပြီး ဖြစ်ပြီး ကျန်ရှိသောတောင်သူများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရသည်။

အေဇာလင်း(ပြန်/ဆက်)