ဒေးဒရဲ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက သဲကုန်းလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား ကျောင်းသူများ အသိဉာဏ်ပညာနှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များ ပေါ်ထွန်းလာစေရန် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ကျောင်းသား ကျောင်းသူများက သက်ဆိုင်ရာ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းခြင်းကို ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း


