ဒေးဒရဲမြို့နယ်၌ မုန်တိုင်းကြောင့် ရပ်နားထားသည့် အခြေခံပညာစာမေးပွဲများ ဆက်လက်ဖြေဆို

ဒေးဒရဲ   မတ်   ၂၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ  အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများကို မတ် ၁၇ ရက်မှစတင်၍ ဖြေဆိုလျက် ရှိသော်လည်း မုန်တိုင်းအခြေအနေကြောင့် ခေတ္တရပ်နားထားခဲ့သည့် Grade-9 Grade-11 နှစ်ဆုံးစာမေးပွဲများကို မတ် ၂၅ ရက် နံနက် ၉ နာရီမှစတင်၍ ဖြေဆိုလျက်ရှိသည်။

 

အဆိုပါ နှစ်ဆုံးစာမေးပွဲတွင် ဒေးဒရဲမြို့နယ်ရှိ အခြေခံပညာ ၈၃ ကျောင်းရှိ Grade-9 ကျောင်းသား၊ ကျောင်းသူ ၁၀၄၇ ဦး၊ အခြေခံပညာ ၃၂ ကျောင်းရှိ Grade-11 ကျောင်းသား၊ ကျောင်းသူ ၆၉၁ ဦး ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ နှစ်ဆုံးစာမေးပွဲ ဖြေဆိုနိုင်ရေး မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အေဇာလင်း