ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေး

ဒေးဒရဲ  ၂၈ မေ 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနက ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ တော်တနီးကွက်သစ်ရှိ ပေါ်တော်မူဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နန့်တင်တင်အေးနှင့် လက်ထောက် တိုင်းရင်းဆေးမှူး ဦးပိုင်စိုးအောင်တို့က ခြေလက်ထုံကျင်ခြင်း၊ လေးဘက်နာ၊ နှလုံးတုန်ရင်တုန်ခြင်း၊ ရင်ကျပ်၊ သွေးတိုး၊ ဆီးချိုရောဂါများနှင့် ပက်သက်၍ လာရောက်ပြသသော ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးပြီး ဆက်လက်ကုသရန် လိုအပ်သော လူနာများကိုလည်း လိုအပ်သည်များ လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)

 

1