ဒေးဒရဲမြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့နိုင်ရေး ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်

ဒေးဒရဲ   ၁၈  ဇွန် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သော ထောက်ပံ့ငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။ 


အဆိုပါ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲတွင် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံမှ ဒေးဒရဲမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၈၅၈)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေကျပ် ၂၅၇၄၀ဝ၀ဝကို လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ဒေးဒရဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအလုပ်အမှုဆောင် ဦးယဉ်ထွေးတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)