ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာစဉ်များလှူဒါန်း

ရန်ကုန်  ၁၅  ဇွန်

 

အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာတိုးတက်စေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ Everyday English အထောက်အကူပြု စာစဉ်စောင်ရေ (၂၁၀ဝ) ကို သတင်းနှင့်စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်းမှ အမှုဆောင်အဖွဲ့ဝင်များက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း Operation Manager ဦးထွန်းလှစိုးထံသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့  ယခုလှူဒါန်းသည့် ပညာရေးအထောက်အကူပြုစာစဉ်များကို ရွေ့လျားစာကြည့်တိုက် ကားအစီးရေ (၁၇) စီးဖြင့် နိုင်ငံနှင့်အဝန်းရှိ အခြေခံပညာကျောင်းပေါင်း (၄၀ဝ) နီးပါးသို့ ဖြန့်ဝေသွားမည်ဟု သိရသည်။ 

 

အဆိုပါစာစဉ်ကို အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်မြင့်မားစေရန်၊ ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာပံ့ပိုးပေးနိုင်ရန်၊ သတင်းနှင့်စာနယ်ဇင်းဝန်ထမ်း ဟောင်းများအသင်း၏ သာရေးနာရေးကိစ္စရပ်များတွင် အထောက်အပံ့ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ထုတ်ဝေလျက်ရှိသည်။

 

(ကပ)