ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အခမဲ့နယ်လှည့်ဆေးကုရေးအဖွဲ့ စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ဆေးကုသ

စစ်တွေ ၁ ဇွန် 
    

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အမျိုးသားကျန်းမာရေးကွန်ရက်(အခမဲ့)  နယ်လှည့်ဆေးကုရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြပြီး စစ်တွေမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင် - ၅၀ဝ) ၌ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးကြသည်။ 

 

1


    

ထို့နောက် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆေးကုသပေးနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
    

အဆိုပါအဖွဲ့သည့် ကလေးအထူးကု၊ သားဖွားနှင့်မီးယပ်၊  အရေပြား၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အပ်စိုက်၊ ဓာတ်မှန်၊ ခွဲစိတ်နှင့် အထွေထွေရောဂါများကို ကုသပေးသွားမည်ဖြစ်ပြီး ဇွန် ၂ ရက်တွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

 

1