ဒေလီရှိ ဘတ်စ်ကားတွေမှာ အခမဲ့ စီးနင်းနိုင်တဲ့ ပန်းရောင်လက်မှတ် အမျိုးသမီးများအား ပေးအပ်

၃၀ အောက်တိုဘာ

 

 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားများမှာ အမျိုးသမီးများအား အခမဲ့ စီးနင်းနိုင်တဲ့ ပန်းရောင်လက်မှတ်ကို မနေ့ (အင်္ဂါနေ့) ကစပြီး သုံးစွဲလာရာ နယူးဒေလီဝန်ကြီးချုပ်က အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်နဲ့ လုံခြုံရေးအတွက် သမိုင်းဝင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။

 

 

ကမ္ဘာမှာ အိန္ဒိယနိုင်ငံဟာ အလုပ်လုပ်တဲ့ အမျိုးသမီးဦးရေ အနည်းဆုံးဖြစ်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှာ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

 

 

အမျိုးသမီးတွေကို ဘတ်စ်ကား အခမဲ့စီးနင်းခွင့် ပေးခြင်းဟာ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စွမ်းအားမြှင့်တင် နိုင်မယ်လို့ မျှော်လင့်ကြောင်း နယူးဒေလီ ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

ရိုးရိုးဘတ်စ်ကားခက ၅ ရူပီးဖြစ်ပြီး အဲကွန်းဘတ်စ်ကားခကတော့ ၂၅ ရူပီး ဖြစ်ပါတယ်။  ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ဆိုနီယာ ရာသိုရီ က အခုလို ဘတ်စ်ကား အခမဲ့ စီးနင်းခွင့်ရတဲ့အတွက် တစ်လကို ရူပီးငွေ ၂၀၀၀ (အမေရိကန်ဒေါ်လာ ၃၀) သက်သာကြောင်း ပြောပါတယ်။

 

 

အိမ်ထောင်ရှင်မ အုမီလာ ဒါဗီကတော့ သူ့အနေနဲ့ ဘတ်စ်ကားကို တခါတရံမှသာ အသုံးပြုတဲ့အတွက် မထူးခြားပေမယ့် နေ့စဉ် အလုပ်လုပ်နေတဲ့ အမျိုးသမီးတေွ အတွက်တော့ အပြောင်းအလဲ ဖြစ်တယ်လို့ ပြောပါတယ်။

 

 

၂၀၂၀ အစောပိုင်းမှာ ကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲ မတိုင်မီ လက်ရှိအုပ်ချုပ်နေတဲ့ BJP ပါတီရဲ့ အရွေ့တစ်ခုအဖြစ် အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ်။

 

 

အိန္ဒိယနိုင်ငံ  မြို့တော်မှာ ၂၀၁၂ ခုနှစ်က ကျောင်းသူတစ်ဦးကို ဘတ်စ်ကားပေါ်မှာ လူအုပ်စုက မုဒိမ်းကျင့် သတ်ပစ်ပြီး ကတည်းက အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ အောက်ခြေအဆင့်ကို ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့သေးတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP