ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

 

ညောင်ရွှေ ၂၈  ဇူလိုင်

 

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံသင်တန်း အမှတ်စဉ် (၃၈/၂၀၁၈)သင်တန်းဆင်းပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခွဲက ညောင်ရွှေမြို့ နိုဝင်ဘာဟိုတယ်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် ရှမ်းပြည် နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်တို့က အမှာစကားပြောကြား သည်။ ထို့နောက် ထူးချွန်ဆုရရှိသူများကို အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၂၉ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်လ ကြာမြှင့် ခဲ့ကြောင်း၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံသင်တန်း တက်ရောက်ပြီးသူများသည် လိုင်စင်သက်တမ်း သုံးနှစ်ပြည့်လျှင် နိုင်ငံတစ်ဝန်း လှည့်လည်လုပ်ကိုင်နိုင်သည့် ဧည့်လမ်းညွှန်လိုင်စင်စာမေးပွဲ ဖြေဆိုနိုင်သည့် အခွင့် အလမ်းများ ရရှိမည်ဖြစ်ကြောင်းသိရသည်။

 

 

( နေမျိုးသူရိန် )