ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

မြန်အောင် ဧပြီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့နယ်၊သခွတ်ကွင်း ကျေးရွာအုပ်စု၊ ပိန်းအင်းကျေးရွာအုပ်စု၊  တောကျွဲလူးကျေးရွာအုပ်စုတို့တွင် ဧပြီ ၂၂ ရက်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲများကို နံနက်ပိုင်းတွင် သခွတ်ကွင်းကျေးရွာအုပ်စု၊ ဖိုးဆိုးကုန်းကျေးရွာ၊ အောင်မင်္ဂလာသရက်တော ဘုန်းတော်ကြီးကျောင်း၊ နေ့လယ်ပိုင်းတွင် တောကျွဲလူးအုပ်စု၊‌ တောကျွဲလူးကျေးရွာ၊ အောင်မဟာရွှေကြို့ပင် ဘုန်းတော်ကြီးကျောင်းနှင့် ပိန်းအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဒေသခံကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍  မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ ကနောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦး‌ရေစာရင်း ဆောင်ရွက်ခြင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေးဆိုင်ရာ အသိပညာပေး‌ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုများအပေါ် ကျေးရွာပြည်သူများက လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး‌ ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းဇော်ထွန်း(ပြန်/ဆက်)