ဒဂုံမြို့နယ်၊ လမ်းမတော်ဘူတာ၌ ကေဘယ်ကြိုးများ ခိုးယူသူများကို ဖမ်းဆီးရမိ

ရန်ကုန်  ၁၆   ဇူလိုင် 

 

ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၈  ရက်နေ့ က ဒဂုံမြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် လမ်းမတော်ဘူတာအနီး၌ မသင်္ကာသူ နေဝင်းသူ နှင့် ဇော်ဖြိုး(ခ) ကရင်လေး တို့(၂)ဦးကို ပြည်လမ်းအရှေ့ရပ်ကွက်၊ သံဖြတ်လွှတစ်ချောင်း၊ မြေအောက်ကေဘယ်ကြိုးများထည့်ထားသည့် ပီနံအိတ် (၁)လုံးတို့နှင့်အတူ တွေ့ရှိစစ်ဆေးရာ လမ်းမတော်ဘူတာတွင်ပုံထားသော ကေဘယ်ကြိုးများကို ခိုးယူ ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုဖွင့်အရေးယူခဲ့သည်။

 

ဖမ်ဆီးရမိသူ နေဝင်းသူ ပါ(၂)ဦးကို အသေးစိတ်စစ်ဆေးရာ သူငယ်ချင်းဖြစ်သူ ဝင်းလှိုင်(ခ)သွားကျိုး က လမ်းမတော်ဘူတာ၌ စုပုံထားသော မြေအောက်ကေဘယ်ကြိုး (၃၀)ပေ (၆)ချောင်းအား ၎င်းနှင့်အတူ ထွန်းသက်ပိုင်ဦး(ခ)ဖိုးခွား၊ အသေးလေး(ခ)ကုလားလေး(ခ)ရွှေထွန်း၊ ချက်ကြီး၊ ချစ်ကို(ခ)စောဘဌေး တို့နှင့်အတူ ခိုးယူခဲ့ပြီး ယာဉ်မောင်း သိန်းနိုင်(ခ)ဦးအညာသား(ခ)ဖိုးသိန်း သည် YGN 81/1272 ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း ပြောပြချက်အရ ၎င်းတို့မှလည်း သွားရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ပါသည်။ ဇူလိုင် ၈  ရက်နေ့တွင် ထွန်းသက်ပိုင်ဦး(ခ)ဖိုးခွား ပါ(၄)ဦးကိုလည်းကောင်း၊ ဇူလိုင် ၉ ရက်နေ့တွင်  သိန်းနိုင်(ခ)ဦးအညာသား(ခ)ဖိုးသိန်း ကိုလည်းကောင်း အမှုဖြင့် ထပ်မံဖမ်းဆီးခဲ့သည်။ 

 

အမှုမှ သက်သေခံပစ္စည်း မြေအောက်ကေဘယ်ကြိုးများ ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှု ကျူးလွန်သူ နေဝင်းသူ ၊ ဇော်ဖြိုး(ခ)ကရင်လေး နှင့် ဝင်းလှိုင်(ခ)သွားကျိုး ပါ (၅)ဦး၊ ယာဉ်မောင်း သိန်းနိုင်  (ခ)ဦးအညာသား(ခ)ဖိုးသိန်းတို့ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)