ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌  သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိ

 

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍  ရေရှားပါးမှုနှင့် ရေပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယနေ့နေ့လယ်ပိုင်းတွင် မဟာဝိစ္စာရာမ ကျောင်းတိုက်သို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် အမှတ် (၁၆) ရပ်ကွက်၊ ရှင်ထွေးညိုလမ်းရှိ မဟာဝိစ္စာရာမ ကျောင်းတိုက်တွင် သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေ (၃၂၀၀) ဂါလန်အား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဉီးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦးတို့ဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများလိုအပ်ပါက မြို့နယ်မီးသတ် ဦးစီးဌာန ဖုန်းနံပါတ် ၀၁-၃၅၈၄၀၆၀ သို့ အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ