ရန်ကုန် ဧပြီ ၁

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့တွင် အတုလအောင်ဇေယျုံ (ဦးဘိုးလှ)ဘုရားဝင်းအတွင်းရှိ သိမ်တော်ကြီးနှင့် ဓမ္မာရုံများတွင် ကျင်းပလျက်ရှိသည်။

 

အဆိုပါ အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် စုစုပေါင်း စာရင်းရှိ ၆၅၀ ရှိပြီး စုစုပေါင်းဖြေဆိုသူ ၅၅၇ ပါးတွင် ပထမကြီးတန်းတွင် ၇၅ ပါး၊ ပထမလတ်တန်းတွင် ဖြေဆို ၉၄ ပါး၊ ပထမငယ်တန်းတွင် ဖြေဆို ၁၅၅ ပါး၊ အခြေပြုမူလတန်း တွင် ဖြေဆို ၂၃၃ ပါး ဝင်ရောက် ဖြေဆိုကြရာ ဖြေဆိုရာခိုင်နှုန်း ၈၅ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်သည်။

 

အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လုံခြုံရေးစောင့်ရှောက်မှု ပေးခြင်းနှင့် လိုအပ်သော ဝေယျာဝစ္စ လှူဒါန်းပေးခြင်းများကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ၃၃ ပါး ကြီးကြပ်တော် မူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

သန်းသန်းအေး