ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် သံတိုသံစကြိတ်ခွဲစက်ရုံ၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ၂၄ ဧပြီ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၁၁၈ ရပ်ကွက် တွဲဘက်အုပ်ချုပ်စက်မှုဇုန်နယ်မြေအမှတ် ၉၄/ ကနောင်မင်းသားကြီးလမ်း နှင့်ဦးဖိုးလှိုင်လမ်းထောင့်ရှိ သံချပ်သံတိုသံစ ကြိတ်ခွဲစက်ရုံ၌ ယနေ့နံနက် ၂ နာရီ ၁၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်ယာဉ် ၅ စီး၊ သန္ဓေမီးသတ်သမား ၂၈ ဦး၊ အရန် ၁၀ ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၃ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သံတိုသံစပုံးအတွင်းရှိသော ဓါတ်ဘူးခွံအဟောင်းများ အပူလွန်ကဲရာမှ ပွင့်ထွက်၍ ရောနှောစုပုံထားသော ပလပ်စတစ်အမှိုက်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ စက်ရုံတာဝန်ခံ ဒေါ်သန္တာမွန်အား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

1