ရန်ကုန် ဇွန် ၇

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဥပဒေ‌ရေးရာအသိပညာပေးခြင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၂၉)ရပ်ကွက် ကျက်သရေဆောင်ဓမ္မာရုံ၌ ဇွန် ၅ ရက်က ကျင်းပရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်း၊ မြို့နယ်ဥပဒေအရာရှိ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး၊ အမှတ်(၃၀)ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုတိယရဲမှူးတို့က ဥပဒေရေးရာများနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် မှုခင်းပညာပေးဆိုင်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ရပ်ကွက်နေပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)