ဒဂုံမြို့သစ်မြို့(အရှေ့ပိုင်း)မြို့နယ်၌ ရထားနှင့် မော်တော်ယာဉ်တစ်စီး တိုက်မှုဖြစ်ပွား

နေပြည်တော် ၂၈ ဧပြီ

 

ဧပြီ ၂၇ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက် ဒါးပိန်ဘူတာနှင့် လေးဒေါင့်ကန်ဘူတာကြား မိုင်တိုင်(၁၆/၇-၈)ကြား၊ ရန်ကုန်-ပဲခူး အမှတ်(၂)လမ်းမကြီးပေါ်ရှိ တရားဝင်ရထားသံလမ်းကူးဂိတ်၌ အမှတ်(၃၆)အစုန် မော်လမြိုင်-ရန်ကုန် အမြန်ရထားဖြတ်သန်းရန် ဂိတ်စောင့် ဦးအောင်ခန့်ချစ်မှ ဂိတ်တံခါးအား ပိတ်နေစဉ် အရှေ့မှ အနောက်သို့ ရထားသံလမ်းအား ဖြတ်သန်းမောင်းနှင်သော စောမောင်မောင်အေးမြင့် (၂၃)နှစ်၊ (ဘ)ဦးမြင့်အောင် (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူ မောင်းနှင်သည့် YGN-4N/×××× Dowfan ၂၂ ဘီး တွဲယာဉ်နှင့် ရထားစက်ခေါင်းတို့ တိုက်မိကာ မော်တော်ယာဉ်သည် ပေ ၁၀ဝ ခန့် ရထားနှင့် ချိတ်ပါသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ရထားစက်ခေါင်းယာ ရှေ့ပိုင်း ပိန်ချိုင့်၊ လက်ကိုင်တန်းပြုတ် (တန်ဖိုး-စိစစ်ဆဲ)နှင့် မော်တော်ယာဉ်ခေါင်းပိုင်း ကြေမွပျက်စီးခဲ့၍ ရထားလမ်းအား ခေတ္တပိတ်ထားခဲ့ပြီး မြန်မာ့မီးရထား သွားလာပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုး ဦးစီးအဖွဲ့မှ အစုန်/ အဆန် ရထားလမ်းများနှင့် မလွတ်ကင်းသည့် ၂၂ ဘီး တွဲယာဉ်အား ဖယ်ရှားရှင်းလင်းခဲ့ကာ ရထားများ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း၊ စောမောင်မောင်အေးမြင့် (၂၃)နှစ်(ဖမ်းမမိ)အား သင်္ဃန်းကျွန်းရထားရဲစခန်း (ပ)၁၂/၂၀၁၉၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

 

MDN