ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် နမ့်စန်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၁  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ၁နာရီခွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၂)ရပ်ကွက်ရှိ ကျော်ကျော် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။ 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၃နာရီ ၁၅ မိနစ်တွင် နမ့်စန်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဝင်းမြင့်(ခ)ထော်လေး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ရန်ပိုင်ထွန်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ပြားနှင့် နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၄၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးဆိုင်ရာ ဉပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်