ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဂတ်စ်ပိုက်လိုင်းပေါက်၍ မီးတောက်အနည်းငယ် ထွက်

ဒဂုံမြို့သစ်  ၂၉ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ စက်မှုဇုန်(၃)၊ ပင်လုံလမ်းတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဂတ်စ်ပိုက်လိုင်းပေါက်၍ မီးတောက်အနည်းငယ် ထွက်နေသဖြင့်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ခွဲတွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ကနဦးသတင်း သိရသည်။

 

MDN