ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား / သူများ အထွေထွေကျန်းမာရေး၊ အရောင်ခွဲခြားနိုင်မှုနှင့် သုံးဘက်မြင်ဆိုင်ရာများစစ်ဆေး

 

ရန်ကုန်၊ ဇွန် ၁၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၂-၂၃ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပထမနှစ် ဝင်ခွင့်ရ ကျောင်းသား /သူများ အထွေထွေကျန်းမာရေး ၊ အရောင်ခွဲခြားနိုင်မှု စစ်ဆေးခြင်းနှင့် သုံးဘက်မြင် စစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဘူမိဗေဒဌာနတွင် ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်အဖွဲ့ ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့စစ်ဆေးရာ ယနေ့တွင် ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမရှေ့မှစ၍ မိုင် (၂၀) လမ်းလျှောက် စစ်ဆေးမှုများကို နံနက် (၇) နာရီတွင် စတင်ပြုလုပ်သည်။

အဆိုပါ စစ်ဆေးမှုများတွင် ကျောင်းသား/သူ (၈၂)ဦး စစ်ဆေးမှုခံယူကြပြီး လမ်းလျှောက်စစ်ဆေးရာတွင် လိုအပ်သည်များကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ သင်တန်းရေးရာဌာနမှူး၊  ဘူမိဗေဒဌာနမှူးနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို စီမံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်