ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၂)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ       ၂၇

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် ()နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်() သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်း ကျောင်း၌   Covid- 19  ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က သင်တန်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှု လုပ်ငန်းများ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများဖြစ်သည့် Internet Of Things (IOT), Artifical Intelligence (AI), Digital Substation နည်းပညာများကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ရမှု နည်းပါး၍ ထိရောက်သည့် စွမ်းဆောင်ရည်များ ရရှိနိုင်မည့် AIS, GIS, Mixed Technology Switchgear (MTS), Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံ Design များရေးဆွဲရန် လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ် စေရန် brainstorming techniques ဖြင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ထမ်းစီမံခန့်ခွဲရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် စာရင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Data Base နှင့် ဆက်သွယ်ရေးနည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အား ကွပ်ကဲ/ ထိန်းသိမ်း မောင်းနှင်သည့်စနစ်တို့၏ လုပ်ဆောင်မှုတို့ကို သိရှိနားလည်စေရန် စီမံဖွင့်လှစ်ခဲ့သည့်အတွက် ထိုက်သင့် သည့်ပညာရပ် အခြေခံကောင်းများရရှိပြီး ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ကြောင်း။

           

အင်ဂျင်နီယာ စီမံခန့်ခွဲရေးသင်တန်းသားများသည် ပြည်သူတို့နှင့် တိုက်ရိုက်ထိတွေ့ဆောင် ရွက်နေသူများ ဖြစ်သည့်အလျှောက် ပြည်သူများ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ များအတိုင်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးစည်းရုံးမှုများ ပြုလုပ်ကြရမည်ဖြစ်သကဲ့သို့ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အား တရားမဝင်ရယူသုံးစွဲမှုများကြောင့် ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေးနှင့် ဓာတ်အားခများ သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တာဝန်ကျရာဒေသများကို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးမှန်ကန် ကောင်းမွန်ရန် လိုအပ်သကဲ့သို့ ဝန်ထမ်းများ စိတ်ပိုင်းဆိုင်ရာတက်ကြွမှုနှင့် လုပ်ငန်းစွမ်းဆောင်မှု အရည်အချင်း မှန်ကန်ကောင်းမွန်စေရန် လိုအပ ်ကြောင်း၊ ပြည်သူကိုဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင် ပေးနိုင်သည့် ဝန်ထမ်းများဖြစ်စေရန် တာဝန်ယူမှု ၊ တာဝန်သိမှု အသိစိတ်ဖြင့် Mind Set များ ပြုပြင်ရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှု ပိုမိုကောင်းသည် ထက်ကောင်းအောင်ဆောင်ရွက်ပေးရန်၊ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ ပြည်သူများ လျှပ်စစ် အန္တရာယ် မဖြစ်အောင်ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းကျွမ်းကျင်သူများဖြစ်ရန် လေ့လာသင်ယူရန်၊ လုပ်ငန်းများအပေါ် အဂတိတရားကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

အဆိုပါ သင်တန်းကို ရက်သတ္တပတ်(၆)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)