ဓာတ်ငွေ့ပိုက်လိုင်းပျက်စီးမှုကြောင့် အယ်လ်ဂျီးရီးယားနိုင်ငံက စပိန်နိုင်ငံသို့ ဓာတ်ငွေ့ထောက်ပံ့မှု ယာယီရပ်ဆိုင်း

အယ်လ်ဂျီးယား ဇူလိုင် ၂၆

 

စပိန်နိုင်ငံဘက်ခြမ်း၌ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ဓာတ်ငွေ့ပိုက်လိုင်း ပျက်စီးမှုကြောင့် အယ်လ်ဂျီးရီးယားနိုင်ငံက စပိန် နိုင်ငံသို့ ဓာတ်ငွေ့ထောက်ပံ့မှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း အယ်လ်ဂျီးရီးယားနိုင်ငံပိုင် ကုမ္ပဏီ Sonatrach က ကြေညာခဲ့သည်။

 

စပိန်နိုင်ငံမှ နည်းပညာအဖွဲ့များသည် လိုအပ်သည့် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်သောကြောင့် အယ်လ်ဂျီးရီးယားနိုင်ငံက စပိန်နိုင်ငံသို့ ဓာတ်ငွေ့ထောက်ပံ့မှုကို တတ်နိုင်သမျှ မြန်မြန်ပြန်လည် စတင်နိုင်တော့မည်ဖြစ်ကြောင်း အယ်လ်ဂျီးရီးယား နိုင်ငံပိုင် ကုမ္ပဏီ Sonatrach ၏ ထုတ်ပြန် ချက်တစ်ရပ်တွင် ပြောကြားသည်။

 

Medgaz အမည်ရှိ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းသည် ကီလို မီတာ ၂၁၀ အရှည်ရှိပြီး မြေထဲ ပင်လယ်ကို ဖြတ်ကျော်ကာ အယ်လ်ဂျီးရီးယားနိုင်ငံ ဘီနီ ဆက်ဖ် ဓာတ်ငွေ့စက်ရုံမှ စပိန်နိုင်ငံရှိ အယ်လ်မီရီယာဆိပ်ကမ်းသို့ ဆက်သွယ်ထားကြောင်း သိရသည်။

 

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းသည် နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ စုစုပေါင်း ရှစ်ဘီလီယံ ပို့ဆောင်ပေးနိုင်ကြောင်းသိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်