ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်    စက်တင်ဘာ    ၁၆

 

သတင်းတွင် ဓာတ်ပုံသည် အရေးကြီးကြောင်း၊ သတင်းနှင့်ဓာတ်ပုံသည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းတွင် ပါဝင်သည့် အချက်အလက်နှင့် ဓာတ်ပုံတွင်ပါဝင်သည့်   အချက်အလက်သည် ထင်ဟပ်ပေါ်လွင်စေရန် သတင်းဓာတ်ပုံရိုက်ကူးသူ၏ အတွေးအခေါ်သည် အရေးကြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ​ပြောကြားသည်။

 

ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည့်  ဓာတ်ပုံ ရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၂) သင်တန်း ဆင်းပွဲတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြင်ပနည်းပြ ဓာတ်ပုံပညာရှင်များက ဓာတ်ပုံရိုက်ကူးတည်းဖြတ် နည်းဘာသာ ရပ်များ၊ Indoor, Outdoor လက်တွေ့ရိုက်ကူးခြင်းတို့ကို သင်ကြားပေးခဲ့သည့်အပြင် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းနှင့်  ဦးစီးဌာနနည်းပြများက သတင်း၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းနှင့်  သတင်းဆောင်းပါး များ  ရေးသားခြင်း၊ အွန်လိုင်းအသုံးပြု၍ သတင်းများထုတ်ပြန်ခြင်း၊ သတင်းအပြန်အလှန် စီးဆင်းရေး ဘာသာရပ် များကို သင်ကြားပို့ချပေးခဲ့ကြောင်း။

 

သင်တန်းသားများအနေဖြင့် ပို့ချလိုက်သည့်ပညာရပ်အပြင် ယခုထက်ဆပွားတိုး၍ တိုးတက်သည့်  နည်းပညာ များဖြင့်   ပိုပြီးကောင်းမွန်အောင် ရိုက်ကူးတင်ဆက်နိုင်ရန်နှင့်  သတင်းရေးသားထုတ်ပြန် သည့် နေရာတွင်လည်း  သတင်းနှင့်ကိုက်ညီသည့် ဓာတ်ပုံကို အနှစ်သာရမြောက်အောင် ရိုက်ကူးနိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက်  ဒုတိယဝန်ကြီးက   သင်တန်းသား ခေါင်းဆောင်ထံ  သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများ ရိုက်ကူးခဲ့သည့် မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုကြသည်။

 

ယခုဖွင့်လှစ်ခဲ့သည့် ဓာတ်ပုံရိုက်ကူးတည်းဖြတ် နည်းသင်တန်းကို  စက်တင်ဘာ ၆ ရက်မှ  ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်