ဓမ္မစကြာမြန်မာဋီကာ

စာရေးသူ ဓမ္မာစရိယ ဦးအောင်ကျော်မိုး (အနန္တာနန္ဒ) စီစဉ်ရေးသားသည့် ဓမ္မစကြာမြန်မာဋီကာ စာအုပ်ထွက်ရှိလာသည်။


တရားနာရသောအရသာ၊ တရားဟောရသောအရသာ၊ တရားအားထုတ်ရသောဝိပဿနာ ပီတိအရသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ နိဗ္ဗာန်အရသာများသည် သံသရာဝဋ်၏ အဆုံးကိုပြုသော အရဟတ္တဖိုလ်ဟူသော အဆုံးရှိ၏။ အမတရသ- မအို၊ မနာ၊ မသေရာ နိဗ္ဗာန်ဟူသော ရသဓာတ်ရှိ၏။ ထို့ကြောင့် အရသာအားလုံးထက် တရားအရသာက အမြတ်ဆုံးဟုဆိုရသည်။ ဓမ္မရသ-ဓမ္မစကြာ မြန်မာဋီကာသဖွယ် ဤစာစုများသည် ဓမ္မစကြာပါဠိကို အဋ္ဌကထာ-ဋီကာလာသည့်အတိုင်း မြန်မာစာဖတ်သူတို့ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ရေးသားထားသည်။


ကြေးမုံစာအုပ်စင်