ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နောင်ချို   ၁၅  ဇွန် 

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျင်းပပြုလုပ်ပြီးသွားသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နှင့် နောင်ချိုမြို့နယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော ၁၂၄၇ ကြိမ်နှင့် ၁၂၄၈ ကြိမ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နှင့် နောင်ချိုမြို့နယ် ဓမ္မစကူးလ် ဖောင်ဒေးရှင်း ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သဖန်းကိုင်းပရဟိတကျောင်း အကယ်ဒမီရိပ်သာ၌ ဇွန်လ ၁၅ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

 IMG_201

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကော်မတီ နာယက ဟော်တော်ကျောင်းဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူတည်ဆောက်ခဲ့ကြသည်။ ၎င်းနောက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်ဓမ္မစကူးလ် ဖောင်ဒေးရှင်းကော်မတီ နာယက ဟော်တော်ကျောင်းဆရာတော်နှင့် ရှမ်း(မြောက်) ဓမ္မစကူးလ်ဖောင်ဒေးရှင်း ကော်မတီဥက္ကဋ္ဌ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက် ဆရာတော်တို့က ဩဝါဒကထာချီးမြှင့်၍ ရှမ်း(မြောက်) ဓမ္မစကူးလ်ဖောင်ဒေးရှင်းကော်မတီအတွင်းရေးမှူး နောင်ချိုမြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကော်မတီဥက္ကဋ္ဌ သဖန်းကိုင်းဆရာတော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါက်တာ စစ်အောင်လတ်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်လျှောက်ထားပြီးနောက် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်း၊ ဆရာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN

 

IMG_201