ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ငရုတ်ပွစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာ

ပင်းတယ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ယခင်နှစ်က ငရုတ်ပွ စိုက်ပျိုးသည့်တောင်သူများမှ စိုက်ပျိုးစရိတ်ကုန်ကျမှု များပြားခဲ့သော်လည်း ငရုတ်ပွသီးနှံများမှာ အလွန်ကောင်းမွန်၍ သီးနှံအရွယ်အစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၄၀၀၀ ခန့်အထိ ဈေးကောင်းရရှိခဲ့ကြပြီး မိသားစုစားဝတ်နေရေးနှင့် ဈေးကွက်စီးပွားရေးအတွက် အဆင်ပြေ ခဲ့မှုတို့ကြောင့် ယခုနှစ်တွင်လည်း ငရုတ်ပွသီးနှံစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာကြသည်။

ပင်းတယမြို့နယ်အနေနဲ့ စိုက်ပျိုးရေးကိုအဓိကထား အသက်မွေးဝမ်းကြောင်းပြုကြ၍ ရရှိလာသည့် သီးနှံများကို အောင်ပန်းမြို့ပွဲရုံမှတစ်ဆင့်မြန်မာနိုင်ငံ မြို့ကြီးများသို့ ဖြန့်ဝေရောင်းချကြောင်းနှင့် ယခုအခါ ဇော်ဂျီရေထွက်ချောင်းတစ်လျှောက် စိုက်ပျိုးထားသည့် ငရုတ်ပွစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)