ဓနုဖြူမြို့နယ် ရွှေဇင်ကျွန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုမှုကြောင့် နေအိမ် ၃၇ လုံးရွှေ့ပြောင်းရ

ဓနုဖြူ  ၃၀ ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် ကမ်းငူကြီးကျေးရွာအုပ်စု ရွှေဇင်ကျွန်းကျေးရွာတွင် မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် နေအိမ် ၃၇ လုံးအား ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ 

 

1

 


ဓနုဖြူမြို့နယ် ရွှေဇင်ကျွန်းကျေးရွာတွင် ဇူလိုင် ၂၉ ရက်အထိ ကမ်းပါးပြိုကျမှုမှာ အလျားပေ ၂၂၀ဝ ၊ အနံပေ ၈၀ဝ ခန့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့သဖြင့် အနီးအနားရှိ နေအိမ်များအား သက်ဆိုင်ရာမှ အရေးပေါ်သွားရောက်၍ ရွှေ့ပြောင်းနေရာချထားပေးခဲ့ပြီး ရွှေ့ပြောင်းနေအိမ် ၃၇ လုံးအပါအဝင် နေထိုင်စရာ အခက်အခဲရှိနေသည့် အိမ်ထောင်စု (၅၄)စုအတွက် မြို့နယ် လယ်စီ၊ ကျေးရွာလယ်စီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် တောင်သူလယ်သမားများ ညှိနှိုင်းကာ သင့်တော်သည့် နေရာများတွင် နေရာချထားပေးမည်ဟု သိရှိရပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ အဖွဲ့ဝင်များမှ နေအိမ်များပြန်လည်ဆောက်လုပ်ရာတွင် ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။


ထို့အပြင် အမက (ကျားကျွန်း) မူလတန်းကျောင်းမှာလည်း ဧရာဝတီမြစ်ကမ်းနှင့် ၂၈၅ ပေသာ ကွာဝေးတော့သဖြင့် ဇူလိုင် ၂၉ ရက်မှစတင်ကာ ကမ်းပြိုမှုမှ ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်ကမ်းပါ ပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)