ဓနုဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်များ ပျက်စီးသွားသော မိသားစုဝင်များအား ထောက်ပံ့

ဓနုဖြူ   ၃၁  မေ 


ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မေ ၂၇ ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့် ရေပေါက်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာအုပ်စုနှင့် သာအေးဒေါင့်ကျေးရွာအုပ်စုများတွင် နေအိမ် အမိုးလန် (၉၇)လုံး၊ ပြိုကျနေအိမ် (၂၅)လုံး စုစုပေါင်း နေအိမ် (၁၂၂)လုံးတို့အတွက် ထောက်ပံ့ပစ္စည်းများအား မေ ၃၀ ရက်နေ့တွင် ထောက်ပံ့ပစ္စည်းနှင့်ငွေသားများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းသို့ ထောက်ပံ့ပေးအပ်ခဲ့ရာ  ဓနုဖြူမြို့နယ် ရေပေါက်ကျေးရွာအုပ်စုအတွင်းရှိ အမိုးလန်နေအိမ် (၁၂)လုံး၊ ပြိုကျနေအိမ် (၂)လုံးတို့အတွက် မေ ၃၀ ရက် နံနက် ၁၀ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်ထိုက်က ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၇)ရက်စာအတွက် ထောက်ပံ့ငွေ ၆၇၇၆၀ဝ ကျပ်နှင့် သိမ်ကုန်းကြီးဘုန်းကြီးကျောင်း အမိုးလန်မှုအား ထောက်ပံ့ငွေ ၅၀ဝ၀ဝ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ  ၇၂၇၆၀ဝ ကျပ်အား လာရောက်ထောက်ပံ့ပေးခဲ့ပြီး ကျောင်းစုကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာအုပ်စုနှင့် သာအေးဒေါင့်ကျေးရွာအုပ်စုများမှ အမိုးလန်နေအိမ် (၈၅)လုံး၊ ပြိုကျနေအိမ် (၂၃)လုံး၊ စုစုပေါင်းနေအိမ် (၁၀၈)လုံးမှ အိမ်ထောင်စု (၁၀၈)စုရှိ လူဦးရေ (၄၇၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ  ၅၈၄၃၃၀ဝ ကျပ်နှင့် ကျောင်းစုကျေးရွာအုပ်စုတွင် နေအိမ်ပြိုကျမှုကြောင့် ညာဘက်ပေါင်ကျိုးခဲ့ရသည့် ဆေးရုံတက်လူနာ ဒေါ်အေးသိန်းအတွက် ထောက်ပံ့ငွေ  ၅၀ဝ၀ဝ ကျပ် စုစုပေါင်းထောက်ပံ့ငွေ  ၅၈၉၃၃၀ဝ ကျပ်တိတိအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဇော်ထိုက်မှ ပေးအပ်ခဲ့သည်။


လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်သည့် ငွေသားနှင့်ပစ္စည်းများအား မေ ၃၀ ရက် ညနေ ၃ နာရီက ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာရှိ ကနီဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျောင်းစုကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာအုပ်စုနှင့် သာအေးဒေါင့်ကျေးရွာအုစုအတွင်းရှိ အမိုးလန် ပြိုကျနေအိမ် (၁၀၈)လုံမှ အိမ်ထောင်စု (၁၀၈)စုရှိ လူဦးရေ (၄၇၃)ဦးအတွက် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ  ၅၈၄၃၃၀ဝ ကျပ်နှင့် ကျောင်းစုကျေးရွာအုပ်စုတွင် နေအိမ်ပြိုကျမှုကြောင့် ညာဘက်ပေါင်ကျိုးခဲ့သည့် ဆးရုံတက် လူနာဒေါ်အေးသိန်းအတွက် ထောက်ပံ့ငွေ  ၅၀ဝ၀ဝ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ  ၅၉၉၃၃၀ဝ ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီဝင်များမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပြီး လေဘေးသင့်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)