ဓနုဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ(၁၂၀၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်

ဓနုဖြူ   စက်တင်ဘာ   ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက်  လူမှုရေးပင်စင်ထောက်ပံ့‌ကြေးပေးအပ်ပွဲကို  စက်တင်ဘာ ၁၆ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဓနုဖြူမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် (၁)လ ၁၀၀၀၀ ကျပ်နှုန်းဖြင့် (၃)လအတွက် ငွေကျပ် ၃၀၀၀၀ ကျပ်ကို မြို့ပေါ်(၁၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၃)အုပ်စုရှိ သက်ကြီးဘိုးဘွားများ (၁၂၀၆)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၃၆၁၈၀၀၀၀ အား  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)