ဓနုဖြူ ဇွန် ၁၀

 

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ဇွန် ၉ ရက် မွန်းလွဲပိုင်းက ရေတွင်းကုန်း ကျေးရွာအုပ်စုပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအတွင်းရှိ သီလပေးတန်ဆောင်း၌ ကျင်းပသည်။

 

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဝင်းက အွန်လိုင်းလိမ်လည်မှုများ မဖြစ်ပေါ်စေရေးကို လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဌေးက မှုခင်းကျဆင်းရေး၊ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများ မဖြစ်ပေါ်စေရေးတို့ကိုလည်းကောင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဦးက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဖြိုးအောင်က ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောကာ မှုခင်းကျဆင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)